အစိုးရနည်းပညာ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် လစ်လပ်လျက်ရှိသော စာရင်းကိုင်(၄)ရာထူး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) နေရာများ၌ တာဝန်ခန့်အပ် ထားရှိသူများစာရင်းအား ကြေညာခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၂၈-၉-၂၀၂၂)ရက်စွဲပါ စာအမှတ်၊ သပန/ အုပ်ချုပ်မှု(ခန့်ထား)/၂၀၂၂(၆၃၈၇)အရ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အစိုးရနည်းပညာ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနများတွင် လစ်လပ်လျက်ရှိသော စာရင်းကိုင်(၄)ရာထူး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀- ၁၉၀၀၀၀) နေရာများ၌ အောက်ဖော်ပြပါ ပုဂ္ဂိုလ်(၇၅)ဦးအား ယှဉ်တွဲဖော်ပြပါကျောင်းနှင့် ဌာနများတွင် အလုပ်တာဝန်ဝတ္တရားများ စတင်ထမ်းဆောင် သည့်နေ့မှစ၍ ခန့်ထားလိုက်သည်-