နေရောင်ခြည်စွမ်းအင်လက်တွေ့အသုံးချ အလုပ်ရုံဆွေးနွေးပွဲ

sun

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် သုတေ သနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့ ပူးပေါင်း၍ နိုင်ငံတစ်ဝန်း နေရောင်ခြည်စွမ်းအင်သုံး ခေတ်မီ ဆိုလာ နည်းပညာဆိုင်ရာများကို နားလည်တတ်ကျွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်၍ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ပြီး နိုင်ငံအတွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်စပ်လျဉ်း သည့် နေရောင်ခြည်စွမ်းအင် လက်တွေ့အသုံးချ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ မတ်လ၊ (၂၈)ရက်နေ့၊ တနင်္လာနေ့၊ မနက်(၁၀:၀၀) နာရီတွင် Online မှတဆင့် ကျင်းပဆောင်ရွက်ခဲ့ရာ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ ဒေါက်တာ ဖြူဖြူဝင်း တက်ရောက်၍  အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 
  အဆိုပါဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းများနှင့် သင်တန်းဌာန များမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ အလုပ်ရုံဆွေးနွေးပွဲကို ကြီးကြပ်ဆောင်ရွက်မည့်ဆရာများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။