သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

tngu

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့၊ နံနက် (၁၁) နာရီတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အစိုးရစက်မှုလက်မှု သိပ္ပံ(တောင်ငူ)သို့ ရောက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည် ကြည့်ရှု စစ်ဆေးပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ)သို့ရောက်ရှိရာ ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းများမှ ဒေသအကျိုးပြု ဆောင်ရွက်နေမှုများ နှင့်  ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါ သည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းများ၏ သင်ကြား သင်ယူမှု ဆောင်ရွက်နိုင်မှုအခြေအနေများ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ စက်ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။