World Youth Skill Day အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် “FINAL COMPETITION OF WORKSHOP MANAGEMENT 5S LEAN INNOVATION” ပြိုင်ပွဲအခမ်းအနား

WYSD-5S

နေပြည်တော် ဇူလိုင်လ (၁၅) ရက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ TVET ပညာရပ်များကို သင်ကြားပို့ချလျက်ရှိသည့် ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သက်မွေးပညာသင်တန်း ကျောင်းများရှိ အလုပ်ရုံများနှင့် လက်တွေ့ ခန်းများတွင် 5S စနစ်အား စနစ်တကျနဲ့ ရေရှည်တည်တံ့ ခိုင်မြဲအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် (၁၈-၁-၂၀၂၁) ရက်နေ့မှ (၂၉-၁-၂၀၂၁) ရက်နေ့အထိ E-Learning Online Training for Workshop Management 5S LEAN Innovation သင်တန်းအား Online စနစ်ဖြင့် သင်ကြားပို့ချခဲ့၍  World Youth Skills Day အထိမ်းအမှတ်အဖြစ် သက်ဆိုင်ရာအုပ်စုအလိုက် အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် ဇကာတင်(၁၅) ကျောင်းအား ယှဉ်ပြိုင်စေ၍ “Workshop Management 5S LEAN Innovation” ပြိုင်ပွဲဗိုလ်လုပွဲ အခမ်းအနားအား ၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့၊ မနက်(၈:၀၀)နာရီ တွင်  Online မှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်း များမှ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ၊ အကဲဖြတ်ဒိုင်များနှင့် နည်းပညာမြှင့် တင်ရေး သင်တန်းဌာန (ဘယ်လင်း)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။ ဆက်လက်၍ အကောင်းဆုံး ယှဉ်ပြိုင်ဆောင်ရွက်နိုင်ခဲ့သည့် ကျောင်းများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများဖြင့် ရွေးချယ်ချီးမြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။