၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်(စက်ပစ္စည်း) ခွင့်ပြုရန်ပုံငွေဖြင့် သင်ကြားရေးသုံးသင်ထောက်ကူစက်ပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာများနှင့် ပရိဘောဂများအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရ စက်မှုလက်မှုသိပ္ပံများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများနှင့် သက်မွေး ပညာသင်တန်းကျောင်းများအတွက် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ် (စက်ပစ္စည်း)ခွင့်ပြုရန်ပုံငွေမှ သင်ကြားရေးသုံးသင်ထောက်ကူ စက်ပစ္စည်း များ၊ ရုံးသုံးစက်ကိရိယာများနှင့် ပရိဘောဂပစ္စည်းများအား ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ ဝယ်ယူနိုင်ရန်အတွက် အစိုးရနည်းပညာကောလိပ်(မန္တလေး)၊ အစိုးရ စက်မှု လက်မှုသိပ္ပံ(အင်းစိန်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်) ကျောင်း(၃)ကျောင်း တို့တွင် တင်ဒါလျှောက်လွှာပုံစံများ ဝယ်ယူနိုင်၍ တင်ဒါလျှောက်လွှာပုံစံများ ရောင်းချ ခြင်းနှင့်လက်ခံခြင်းများအား (၅-၄-၂၀၂၃) ရက်နေ့မှ (၂၇-၄-၂၀၂၃)ရက်နေ့ အထိ  ဆောင်ရွက်သွားမည် ဖြစ်ပါသည်။