သုတနည်းပညာ

သုတနည်းပညာအင်ဂျင်နီယာ ဘာသာရပ်(Information Technology)

ဘာသာရပ်မိတ်ဆက်

Desktop Publishing ကိုကျွမ်းကျင်စွာ အသုံးပြုတတ်စေရန်၊ Computer Hardware ပိုင်းဆိုင်ရာ ကွန်ပျူတာ ပြုပြင်ထိန်းသိမ်း ခြင်းများကို သိရှိနားလည်နိုင်စေရန်၊ Programming ဘာသာရပ်ကို နားလည်တက်မြောက်ပီး program များ ကျွမ်းကျင်စွာ လက်တွေ့ ရေးသားနိုင်စေရန်၊Web Design ဘာသာရပ်ကို  သိရှိနားလည်၍  Web Application များကို လက်တွေ့ ဖန်တီးရေးသားနိုင်စေရန်၊ Network အခြေခံသဘောတရားများကို နားလည်၍ ကွန်ပျူတာ ကွန်ယက်ချိတ်ဆက်အသုံးပြုခြင်းနှင့် Network System Administration များကို  သိရှိနားလည် တက်မြောက်နိုင်စေရန် ရည်ရွယ်ပါသည်။

သင်တန်းကာလ

(၃)နှစ်

ပေးအပ်မည့် Certificate/ Diploma/Bachalor

G.T.H.S (IT)(Certificate)

ကျောင်းဝင်ခွင့်သတ်မှတ်ချက်

အခြေခံပညာ KG+12 စနစ်သစ် မှ Grade -9   အောင်မြင်ပြီးမြောက်သူများ

အလုပ်အကိုင်အခွင့်အလမ်း/ သင်တန်းမှရရှိမည့်အကျိုးကျေးဇူး

သုတနည်းပညာ အင်ဂျင်နီယာ Certificate သင်တန်းပြီးမြောက် အောင်မြင် ပါက Desktop Publishing၊ Programmer ၊ Network Engineer ၊ Network System Administrator နှင့် Assistant Web Developer များအဖြစ်  လုပ်ငန်းခွင်သို့ ဝင်ရောက် လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

သုတနည်းပညာအင်ဂျင်နီယာ ဘာသာရပ်အား ဖွင့်လှစ်သင်ကြား လျက်ရှိသော ကျောင်းများ

အစိုးရနည်းပညာအတထက်တန်းကျောင်း (နေပြည်တော်)

အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)

အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)

အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)

အစိုးရနည်းပညာအထက်တန်းကျောင်း (ပြည်)

အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်)

အစိုးရနည်းပညာအထက်တန်းကျောင်း (ဗန်းမော်)

 

Priority
7