အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။       နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဇမ္ဗူသီရိမြို့နယ်၊ နေပြည် တော်တွင် အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့်ဆောင်ရွက်မည့် တစ်ထပ်ယာယီ ကျောင်းသား/သူဆောင်များ၊ ကျောင်းသား/ကျောင်းသူများအတွက် တစ်ထပ်ယာယီ ထမင်းစားဆောင်များနှင့် အဆောက်အဦများအတွက် ဆက်စပ်လုပ်ငန်းများဖြစ်သော လူသွားလမ်း၊ ရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာ နိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်)တွင် ၂၄-၃-၂၀၂၅ ရက်နေ့မှ ၇-၄-၂၀၂၅ ရက်နေ့အထိ ရုံးချိန်အတွင်းရောင်းချမည် ဖြစ်ပြီး ပြန်လည်တင်သွင်းလာမည့်တင်ဒါပုံစံများကို ၇-၄-၂၀၂၅ ရက်နေ့ တစ်ရက်တည်း သာ ရုံးချိန်အတွင်း တင်ဒါပုံစံဝယ်ယူခဲ့သောနေရာတွင် ပြန်လည်တင်သွင်းရမည်ဖြစ်ပါ သည်။

၃။  အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်းနံပါတ် ၀၆၇၃၄၀၄၀၂၀၊ ၀၆၇၃၄၀၄၄၈၂ (ဦးစီးဌာန၊ ရုံးချုပ်)တွင် ဆက်သွယ်စုံစမ်းနိုင်ပြီး Website ဖြစ်သော www.dtvet.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင် ပါသည်။

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန