၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများခေါ်ယူခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန

၂၀၂ -၂၀၂ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ်

ဝင်ခွင့်လျှောက်လွှာများခေါ်ယူခြင်း

၁။   အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း၊ ပူတာအို၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ တီးတိန်၊ မော်လမြိုင်၊ သံတွဲ၊ တောင်ကြီး၊ အင်းစိန်၊ ရွှေပြည်သာ၊  သန်လျင်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊ ရမည်းသင်း၊ ကန့်ဘလူ၊ ခန္တီး၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ တောင်ငူ၊ ပဲခူး၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်၊ ထားဝယ်၊ နေပြည်တော်နှင့် ဂျပန်-မြန်မာအောင်ဆန်းသက် မွေးပညာသင်တန်းကျောင်း (Japan – Myanmar Aung San Vocational Training Institute) စုစုပေါင်း (၃၃)ကျောင်းတို့တွင် ၂၀၂-၂၀၂ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် သင်တန်းသား များကို ခေါ်ယူမည် ဖြစ်ပါသည်။

၂။    လျှောက်ထားသူသည်-

      (က)  နည်းပညာနှင့် သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့ လုပ်ငန်းနှင့် စက်ရုံ/ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။

      (ခ)   တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာတွဲများ ပါဝင်သော မည်သည့်        ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်သည်။

      (ဂ)   တက္ကသိုလ်ဝင်စာမေးပွဲတွင်ရရှိခဲ့သည့် အင်္ဂလိပ်စာနှင့် သင်္ချာ စုစုပေါင်းရမှတ်အပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်သည်။

၃။   အစိုးရစက်မှုလက်မှုသိပ္ပံများအလိုက် ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-        

      (က)  မြို့ပြအင်ဂျင်နီယာ(အပိုဒ်(၁)ပါ ကျောင်းပေါင်း(၃၁)၊ ပြင်ဦးလွင်နှင့် ဂျပန်-မြန်မာအောင်ဆန်း

              သက်မွေးပညာသင်တန်းကျောင်း မပါဝင်ပါ)

      (ခ)   အီလက်ထရောနစ်အင်ဂျင်နီယာ (အပိုဒ်(၁)ပါ ကျောင်းပေါင်း(၂၂)၊ ပူတာအို၊ ဘားအံ၊ တီးတိန်၊ သံတွဲ၊ တောင်ကြီး၊ သန်လျင်၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပဲခူး၊ ထားဝယ်နှင့် ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်တန်းကျောင်းမပါဝင်ပါ)

      (ဂ)   လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ(အပိုဒ်(၁)ပါကျောင်းပေါင်း(၃၂)၊ ဂျပန်-မြန်မာအောင်ဆန်းသက်

              မွေးပညာသင်တန်းကျောင်း မပါဝင်ပါ)

      (ဃ) စက်မှုအင်ဂျင်နီယာ (အပိုဒ်(၁)ပါ ကျောင်းပေါင်း(၃၂)၊ ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း မပါဝင်ပါ)

      (င)   သုတနည်းပညာ (အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း၊ မြင်းခြံ၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မကွေး၊ အင်းစိန်၊ နေပြည်တော်၊ ကန့်ဘလူ၊ မော်လမြိုင်))

      (စ)   စက်မှုလုပ်ငန်းအင်ဂျင်နီယာ (အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်၊ ပြင်ဦးလွင်))

      (ဆ)  စက်မှုလယ်ယာနည်းပညာ (အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်၊ ဝါးခယ်မ၊ ကျိုက်လတ်))

      (ဇ)   မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာ (အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း))

      (ဈ)   စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာ (ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင် တန်းကျောင်း)

၄။   သင်တန်းကာလမှာ(၃)နှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာလက်မှတ် ပေးအပ်မည်ဖြစ်သည်။ A.G.T.I (၃)နှစ်သင်တန်းများတွင် သတ်မှတ်အရည်အချင်းပြည့်မီပါက B.Tech နှင့် BE  သင်တန်းများ သို့ ပေါင်းကူးတက်ရောက်နိုင်ရေး လျှောက်ထားနိုင်သည်။

၅။   ဝင်ခွင့်လျှောက်လွှာများကို အစိုးရစက်မှုလက်မှုသိပ္ပံများ၌ -၁၁-၂၀၂ ရက်တွင် စတင်ထုတ်ယူ နိုင်သည်။ လျှောက်လွှာများကို ၂၀-၁၁-၂၀၂ ရက် နောက်ဆုံးထား၍ မိမိတို့ တက်ရောက်လိုသည့် ကျောင်းသို့ ပြန်လည်တင်သွင်းရမည်။

၆။   လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲတင်ပြရမည်-

             (က)  လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

             (ခ)   ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာမူရင်း။

             (ဂ)   သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အမှတ် စာရင်း (မူရင်း)။

             (ဃ)  လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား(မိတ္တူ)။

             (င)   ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရာဒေသ သက်ဆိုင်ရာနယ်မြေရဲစခန်း၏ ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံစာမူရင်း။

            (စ)   ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃)ပုံ။

၇။   အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အပိုဒ်(၁)ပါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများသို့ ဆက်သွယ်မေးမြန်းနိုင်သည်။

 

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန