National Grassroots Innovation Competition for Students ပြိုင်ပွဲတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ သိပ္ပံနှင့် ကျောင်းများမှ Winner (၃) ဆုနှင့် Runner Up (၂) ဆု ဆွတ်ခူးရရှိ

grassroot

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အလေ့အကျင့်ကောင်းများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့်နည်းပညာစွမ်းအားဖြင့် အခြေခံ လူတန်းစား များ၏ လူမှုဘဝမြှင့်တင်နိုင်ရန် ရည်ရွယ်၍  ကျောင်းသားလူငယ်များ၏ National Grassroots Innovation Competition for Students ပြိုင်ပွဲအား ၁၁-၁-၂၀၂၅ ရက်နေ့တွင်  Naypyitaw State Polytechnic University (NSPU)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ National Grassroots Innovation Competition for Students ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သည့်  Project (၂၁) ခုအနက် ဦးစီးဌာနအနေဖြင့် Project (၅)ခုဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ Winner ဆု (၅)ဆုအနက် (၃)ဆုအား လည်းကောင်း၊ Runner Up (၃)ဆုအနက် (၂)ဆုအား လည်းကောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဆွတ်ခူးရရှိခဲ့ပါသည်။ Winner ဆုများအား အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်)မှ Cashew Nut Shelling Machine (Shwe Pathein) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)မှ Seed Farmer (Shwe Farmer) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ)မှ Portable Agricultural Wheel Sprayer ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွတ်ခူး ရရှိခဲ့ပါကြောင်း၊ Runner Up ဆုများ အား  အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း)မှ Bicycle Pump for Horticulture ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)မှ DIY Dual Use of Multifunctional Work bench and Cabinet ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ပါသည်။

 Winner ရရှိခဲ့သည့် Project များမှာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပ ပြုလုပ်မည့် ASEAN-India Grassroots Innovation Project Competition တွင် ဆက်လက် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

 

gr prize 3