အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့်ဆောင်ရွက်မည့် Quick Impact Project (QIP) အတွက် အိတ်ဖွင့်ကြိုတင်တင်ဒါခေါ်ယူခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)

အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့်ဆောင်ရွက်မည့် Quick Impact Project (QIP) အတွက်

အိတ်ဖွင့်ကြိုတင်တင်ဒါခေါ်ယူခြင်း

၁။       သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာနအောက်ရှိ  နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)တွင် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့်ဆောင်ရွက်မည့် Quick Impact Project (QIP) အတွက် လိုအပ်သော အောက်ဖေါ်ပြပါ စက်ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူ လိုပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

No

Description

Specification

1

Carbonization machine (1) Set

 

-Capacity 50 kg

- Bed Type Reactor

-Gas Purifier

2

Gasifier for generator (1) Set

 

-For 25hp to 35hp Diesel Engine

-Made by 6mm thickness MS Plate

-Coated in Heat Resistance Paint

-Three Temperature Sensors are Installed at Reactor, Heat Exchanger Inlet and Outlet

3

Diesel Engine and Generator (1) Set

 

-Rated Power 25hp

-Single Cylinder 4 Stroke Diesel Engine

-10kW Generator

4

Pyrolysis machine (1) Set

 

-Capacity 10Kg

-Fast Pyrolysis Process for Plastic and Rubber

-Rotary or Auger Reactor

-Water cooled Condenser

-Operating Temperature 450°CC to 650°C

- Cyclone with Filtering System

-Fuel Storage Tank

-Gas Buner with pressure and temperature control system

၂။       အိတ်ဖွင့်တင်ဒါပုံစံများကို (၂၄ - - ၂၀၂၅)ရက်နေ့မှစ၍ (၃၀ -၁ - ၂၀၂၅)ရက်နေ့အထိ ရုံးချိန်အတွင်း နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)တွင် တစုံလျှင် (၁၀၀၀၀/-)ကျပ် နှုန်းဖြင့် ဝယ်ယူနိုင်ပြီး (၃၀ - - ၂၀၂၅)ရက်နေ့ ညနေ (၄:၀၀)နာရီ နောက်ဆုံးထား၍ အိတ်ဖွင့်တင်ဒါပုံစံဝယ်ယူခဲ့သောဌာနသို့ တင်ဒါများ တင်သွင်းရမည်ဖြစ်ပါသည်။ တင်ဒါတင်သွင်းရာတွင် တင်ဒါအာမခံကြေး (၁၁သိန်းကျပ်) အတွက် PO Cheque မူရင်းအား သီးခြားစာအိတ်ဖြင့် တပါတည်း တင်သွင်းရမည်ဖြစ်ပါသည်။

၃။  တင်ဒါတင်သွင်းလျှောက်ထားသူများအနက် QIP Project အတွက် လိုအပ်သောပစ္စည်း(၄) မျိုး(အားလုံး)အား တင်သွင်းလျှောက်ထားသူကိုသာ ဦးစားပေးရွေးချယ်မည် ဖြစ်ပါသည်။ တင်သွင်းသောပစ္စည်းများကို အိန္ဒိယလုပ် ကုန်ပစ္စည်းများ (သို့မဟုတ်) ဒေသထွက် ထုတ်ကုန်များကိုသာ တတ်နိုင်သမျှဦးစားပေး တင်သွင်းလျှောက်ထားရပါမည်။ စက်ပစ္စည်း များ အားလုံးကို ကောင်စွာအသုံးပြုနိုင်သည်အထိ Complete Installation ပြုလုပ်ပေးရန်၊ Operation ပြုလုပ်ရန်လိုအပ်သောပစ္စည်းများနှင့် Accessories များအားလုံးပါဝင်ရပါ မည်။    စက်ပစ္စည်းများအားလုံးကို နည်းပညာ၊ သက်မွေး ပညာနှင့်လေ့ကျင့်ရေး ဆရာအတတ် သင်ကောလိပ်(ဘယ်လင်း)သို့ အရောက်ပေးပို့တပ်ဆင်ပေးရပါမည်။ နည်းပညာဆိုင်ရာ သင်တန်း ဆောင်ရွက်ပေးနိုင်ရပါမည်။

၄။       အိတ်ဖွင့်တင်ဒါ‌လျှောက်လွှာပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက် များကို ရုံးချိန်အတွင်း ၀၉-၇၈၁၁၃၆၃၅၁ နှင့် ၀၉-၇၉၀၃၆၁၅၅၃ နည်းပညာ၊ သက်မွေးပညာ နှင့်လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး Website ဖြစ်သော www.dtvet.gov.mm  တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး

ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)