စက်မှုလယ်ယာနည်းပညာ

စက်မှုလယ်ယာအင်ဂျင်နီယာ ဘာသာရပ်(Farm Machinery )

 

" စက်မှုလယ်ယာနည်းပညာ တက်ပါမနှေး ရွေးချယ်ပေး လယ်ယာကဏ္ဍဖွံ့ဖြိုးရေး "

ဘာသာရပ်မိတ်ဆက်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် လက်မှု လယ်ယာမှ စက်မှုလယ်ယာသို့ကူးပြောင်းရေး၌ လယ်ယာသုံးစက်ကိရိယာ များနှင့် ပတ်သက်သော နည်းပညာ များ ဖွံ့ဖြိုးလာစေရန်၊ စက်မှုလယ်ယာကဏ္ဍတွင်ကျွမ်းကျင်သော နည်းပညာရှင် အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက်  လယ်ယာသုံး စက်ပစ္စည်းကိရိယာများအကြောင်းကို သင်ကြားပို့ချ ပေးသွားမည် ဖြစ်ပါသည်။

သင်တန်းကာလ

(၃)နှစ်

ပေးအပ်မည့် Certificate/ Diploma/ Bachelor

A.G.T.I Diploma(Farm Machinery),

ကျောင်းဝင်ခွင့်သတ်မှတ်ချက်

တက္ကသိုလ်၀င်တန်း စာမေးပွဲအား သိပ္ပံ(သို့)ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီး အင်္ဂလိပ်နှင့် သင်္ချာဘာသာ နှစ်ခု ပေါင်းရမှတ်များမှာ ကောင်းမွန်ရပါမည်။

အလုပ်အကိုင်အခွင့်အလမ်း/ သင်တန်းမှရရှိမည့်အကျိုးကျေးဇူး

စက်မှုလယ်ယာနည်းပညာသင်တန်းပြီးမြောက်သည့်နောက်

  • စက်မှုလယ်ယာဦးစီးဌာနများ
  • ပြင်ပရှိ စက်မှုလယ်ယာကုမ္ပဏီများ
  • စက်မှုလယ်ယာလုပ်ငန်းခွင်များ
  • လယ်ယာသုံးစက်ပစ္စည်းများနှင့်ဆက်စပ်သော ကိုယ်ပိုင်လုပ်ငန်းများ

စသည့်အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိနိုင်ပါသည်။

စက်မှုလယ်ယာနည်းပညာ ဘာသာရပ်အား

ဖွင့်လှစ်သင်ကြားလျက်ရှိသောကျောင်းများ

အစိုးရနည်းပညာကောလိပ်(ရွှေဘို)

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)

အစိုးရစက်မှုလက်မှုသိပ္ပံ( ဝါးခယ်မ)

 

priority
7