နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ www.dtvet.gov.mm Website အား တရားဝင်လွှင့်တင်ခြင်း အခမ်းအနား

web

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ www.dtvet.gov.mm Website အား နည်းပညာနှင့် သက်မွေးပညာကဏ္ဍနှင့်ပတ်သက်၍ ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပြည်သူများသို့ စဉ်ဆက်မပြတ် ထုတ်ပြန် အသိပေးဖော်ပြနိုင်ရန်ရည်ရွယ်၍  စတင်၍ တရားဝင်လွှင့်တင်ခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့၊ နံနက် (၁၁)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဦးစီးဌာန၏ Website အား စတင်၍ တရားဝင် လွှင့်တင်ပေးခဲ့ပါသည်။
 အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်အတူ ဦးစီးဌာနရှိ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနခွဲများမှ ကျောင်းအုပ်ကြီးများ၊ သင်ကြား/စီမံ ဌာနမှူးများနှင့် ဝန်ထမ်းများ အားလုံး တက်ရောက်ခဲ့ ကြပါသည်။